• To Work For The Betterment Of People In Need

နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအတွက် နိုင်ငံရေးအသိပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်


ထိထိရောက်ရောက် လေ့လာရန်လိုအပ်နေသည့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ နှင့် သက်ဆိုင်သောအဖွဲ့အစည်းများမှ အနာဂတ်ခေါငး်ဆောင်များအတွက် စီစဉ်ထားသော နယ်လှည့် သင်တန်းအစီအစဉ်တစ်ခုဖြစ်ပါသည်။

နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ လူငယ်များ အထူးသဖြင့် အမျိုးသမီး အဖွဲ့ဝင်များ၏ နိုင်ငံရေးအသိအမြင်နှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မှုအရည်အသွေးများနှင့် ခေါင်းဆောင်မှုအရည်အချင်းများတိုးတက်လာပြီး နိုင်ငံတော်အား ဒီမိုကရစ်တစ်လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်ရေးတွင် အားသွန်ခွန်စိုက်ပါ၀င်ဆောင်ရွက်လာနိုင်ရန်ရည်ရွယ်ပါသည်။

ဤအစီအစဉ်မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တခြားတာဝန်ရှိအဖွဲ့အစည်းများ၊ လှုပ်ရှားနေသူများ နှင့် ပြည်တွင်း အရပ်ဘက်လူ့အဖွဲ့အစည်းများအား အကျိုးပြုပေးနိုင်ရန် အဓိကထားဆောင်ရွက်လျက်ရှိပါသည်။

ပန်းတိုင်
ဤအကျိုးပြုပံ့ပိုးပေးမှုများမှတဆင့် နိုင်ငံရေးပါတီများ၊ ပြည်တွင်းအရပ်ဘက်လူ့အဖွဲ့အစည်းများမှ မျိုးဆက်သစ်များကို ယုံကြည်မှု တည်ဆောက်ပေးခြင်းနှင့် စွမ်းရည်များ မြှင့်တင်ပေးခြင်းဖြင့် လူထုအသံ၊ လူထုဆန္ဒကို ကိုယ်စားပြုသူများဖြစ်လာစေရန်နှင့် ဆုံးဖြတ်ချက်ချသည့်အခန်းကဏ္ဍတွင် ပါ၀င်လာနိုင်စေရန်ဖြစ်သည်။

ရည်ရွယ်ချက်များ
၁။ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ မျိုးဆက်သစ်များအား နိုင်ငံတော်တည်ဆောက်ရေး သို့မဟုတ် ဒေသတည်ဆောက်ရေးလုပ်ငန်းများတွင် ၄င်းတို့အနေဖြင့် အုတ်တစ်ချပ်သဲတပွင့်အဖြစ် မည်သည့်နေရာမှ ပါ၀င်ဆောင်ရွက်နိုင်မည်ကိုသိရှိလာအောင် လုပ်ဆောင်ပေးခြင်းဖြင့် အားပေးမြှင့်တင်ပေးနိုင်ရန်။

၂။ နိုု်င်ငံရေးပါတီများနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများတွင် ပါ၀င်ကြသော အမျိုးသမီးအဖွဲ့ဝင်များ၏ နိုင်ငံရေးအသိအမြင်များနှင့် စကားပြောစွမ်းရည်များ တိုးတက်လာစေရန်၊ ဆုံးဖြတ်ချက်ချခြင်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများမြင့်မားလာစေရန်အတွက် ထိရောက်သောနည်းလမ်းများဖြင့် ပံ့ပိုးကူညီပေးရန်။

၃။ နိုု်င်ငံရေးပါတီများနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများသည် ဒီမိုကရေစီနည်းလမ်းများ၊ နိုင်ငံတော် တည်ဆောက်ခြင်း၊ အစိမ်းရောင်သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတည်ဆောက်ခြင်း၊ တိုင်းရင်းသား များ၏ ခံစားချက်များနှင့်တန်းတူညီမျှရရှိရေး၊ မူဝါဒတစ်ခုတည်ဆောက်ရေးအဆင့်များ၊ နည်းဗျူဟာ များနှင့် နည်းလမ်းများအား ပိုမိုသိရှိသင်ကြားနိုင်ကြစေရန်။

၄။ လူသားအခြေခံသော လူ့စွမ်းအားမြှင့်တင်ခြင်းနည်းလမ်းများကို အသုံးချခြင်းဖြင့် ဆင်းရဲမွဲတေမှုအား လျှော့ချနိုင်ရန်အတွက် နိုင်ငံရေးပါတီများအချင်းချင်း အတူလက်တွဲပူးပေါင်း၍ ပေါင်းစည်းချိတ်ဆက်ထားသောအဖွဲ့အစည်းကြီးတစ်ခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်လာကြရန် တို့ဖြစ်ပါသည်။

အမှတ်စဉ် ဒေသ တက်ရောက်ခဲ့သည့်သင်တန်းသား အရေအတွက် အဖွဲ့အစည်းအမျိုးအစား
လားရှိုးမြို့၊ ရှမ်းပြည်နယ် ၂၅ (ဦး) အရပ်ဘက်လူ့အဖွဲ့အစည်း
အင်းတော်မြို့၊ ၂၅ (ဦး) အရပ်ဘက်လူ့အဖွဲ့အစည်း
စစ်ကိုင်းတိုင်း၊ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ၂၀ (ဦး) အရပ်ဘက်လူ့အဖွဲ့အစည်း
တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ၂၅ (ဦး) နိုင်ငံရေးပါတီများ
ဒီမောဆိုးမြို့၊ ကယားပြည်နယ် ၃၀ (ဦး) နိုင်ငံရေးပါတီများ
ကျိုက်လတ်မြို့၊ ဧရာဝတီတိုင်း ၃၀ (ဦး) အရပ်ဘက်လူ့အဖွဲ့အစည်း
သံဖြူဇရပ်မြို့၊ မွန်ပြည်နယ် ၊ ၂၅ (ဦး) နိုင်ငံရေးပါတီများ